သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအတွက် အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
Dec 18,2023
ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့်  အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီက မကွေးမြို့ရှိ Win Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက မိမိတို့ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊ လူငယ်၊ လူလတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့ လက်ရောက်ရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များသို့ လက်ဝယ်အရောက် စာငှားစနစ်ဖြင့်
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 18,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ဆိပ်ဖြူမြို့နယ်၌ ငှက်ပျောပင်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေရရှိ
Dec 18,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဥယျာဉ်ခြံမြေနှင့် ကိုင်းစိုက်ပျိုးမြေတို့၌ ငှက်ပျောပင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူများ ငှက်ပျောပင်စိုက်ပျိုးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကာ မိသားစုအတွက် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် “အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း” မုန့်လုပ်နည်းသင်တန်း ထူးချွန် သင်တန်းသား/သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
Dec 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ “အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း” မုန့်လုပ်နည်းသင်တန်း ထူးချွန်သင်တန်းသား/သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ထူးချွန်သင်တန်းသား/သူများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရီသီလရှင် ပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း
Dec 18,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရီပရိယတ္တိသီလရှင် စာသင်တိုက်သို့ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ပရိယတ္တိသီလရှင်စာသင်တိုက် လပြည့်ဝန်းကျောင်းဆောင်၌ ကျင်းပသည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၃) ဆင်းပွဲ ကျင်းပ
Dec 18,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူတာ (၃/၂၀၂၃)သင်တန်း ဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် မြို့မကျည်တောင်ကန် အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 18,2023
ပုဗ္ဗသီရိမြို့နယ် မြို့မကျည်တောင်ကန် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။