ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောကာ သရုပ်ပြဆောင်ရွက်
Dec 18,2023
မြို့နယ်တွင်းမီးဘေးအန္တရာယ်ကင်းဝင်းစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ (၁၇) ရက် နေ့လယ်ပိုင်းအချိန်တွင် ဘိုကလေးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောမှုနှင့်အတူ မီးငြိမ်းသတ်ရေး သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။