သစ်သားတံတားမှ ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှု
Dec 18,2023
ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ရာသီမရွေးသွားလာမှု အဆင်ပြေစေရေး၊ လမ်းပေါ်သို့ရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်း အ.မ.က (၁) ကျောင်းလမ်းပေါ်ရှိ သစ်သားတံတာအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၁၁ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။