မိုင်းဖြတ် ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ ရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့မဈေးအတွင်း ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကိုစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးစီးမှူး ဦးမျိုးဝင်းနှင့် တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များက မြို့မဈေးအတွင်း လျှပ်စစ်မီးနှင့် မီးသုံးစွဲမှုများ စနစ်တကျသုံးစွဲခြင်း ရှိ/မရှိ၊ မီးသတ်ရေကန်များ၊ ဈေးဆိုင်များ၌ မီးသတ်ဆေးဗူးများ တပ်ဆင်ထားခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး ဈေးဆိုင်ပိုင်ရှင်များအား မီးများ စနစ်တကျသုံးစွဲရေးတို့ကို ပညာပေးဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့မဈေးရှေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်မောင်ရွှေ နှင့် တပ်ဖွဲ့ဝင်များက ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဗူး၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံအဆင့်ဆင့်တို့ကို ပညာပေးဆောင်ရွက်ခြင်း၊ မီးလောင်ရာတွင် မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ပုံများကို လက်တွေ့သရုပ်ပြသခဲ့ပြီး ဈေးသူ၊ ဈေးသားများအား လက်တွေ့ပါဝင်ဆောင်ရွက်စေခြင်းဖြင့် ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးအတွင်း မီးသတ်ပိုက်ဖြင့် မီးငြိမ်းသတ်ပုံများ သရုပ်ပြသခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်(ပြန်/ဆက်)