မောင်တော ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၁ နာရီအချိန် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း မတော်တဆမီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို စနစ်တကျအသုံးပြုစေရေး၊ အမှိုက်သရိုက်များအား စနစ်တကျစွန့်ပစ်ရေး၊ ဆေးလိပ်သောက်သုံးသူများဖြင့် ဆေးလိပ်ကို မီးမငြိမ်းသတ်ဘဲမစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့် မိမိတို့ရုံးရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင်အသုံးပြုစေရေး၊ ရှေးဦးမီးသတ်ဆေးဘူးများ အသင့်ထားရှိရန် လိုအပ်ကြောင်း၊ ရှေးဦးမီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်တတ်စေရေး ဆောင်ရွက်ကြရန်လိုအပ်ကာနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း သက်ဆိုင်ရာမီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ချပါရန် ကွင်းဆင်းစစ်ဆေး အကြံပြုလမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)