ကျွန်းလှ ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီ၌ စိုက်ပျိုးသည့် ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ချောင်းရေတင်ပြီး ကန့်လန့်အပင် ၄၀၀၀ ကျော်စိုက်ပျိုးခဲ့ပါတယ်။ မျိုးဖိုးအပါဝင် ကုန်ကျစရိတ် ငွေကျပ် ၁၅၀၀၀၀ ကျော်ကုန်ကျပါတယ်။ အခုကန့်လန့်စိုက်ခင်းမှာ ကောက်ယူရောင်းချနေရပြီး တစ်နေ့အထုံးသေး ၁၀ ထုံးပါတဲ့ အထုံးကြီး ၅၀ ရရှိပါတယ်။ အထုံးကြီးတစ်ထုံးကို ငွေကျပ် ၂၅၀၀ နဲ့ ရောင်းရတဲ့အတွက် တစ်နေ့ငွေကျပ် တစ်သိန်းကျော် ဝင်ငွေရရှိပါတယ်”ဟု ရှမ်းစုကျေးရွာ၊ ကန့်လန့်စိုက်ပျိုးသူ ဦးနိုင်က ပြောသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်မျိုးစုံ ၅၇၄ ဧကစိုက်ပျိုးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဓာတုကင်းလွတ်သီးနှံရရှိရေးအတွက် သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေးပြုလုပ်သုံးစွဲနည်း ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)