အလုံ ဒီဇင်ဘာ ၁၉
ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အခြေခံကျန်းမာရေးဝန်ထမ်း(၁၀)ဦးကို သင်တန်းနည်းပြများဖြစ်သည့် အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၊ ဦးစီးအရာရှိ ဒေါ်မိုးသီတာဦး၊ ကျန်းမာရေးမှူး(၁) ဦးသန်းနိုင်တို့က "ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာများအကြောင်းကို သင်ကြားပို့ချသည်။
သင်တန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နံနက် ၉ နာရီမှညနေ ၄ နာရီအထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)