မုဒုံ ဒီဇင်ဘာ ၁၉
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ(နေကြာ)ကို ဘလောက်ညောင်ဝိုင်းကျေးရွာတွင် ထွန်ယက်စိုက်ပျိုးနေမှု အခြေအနေများအား တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အချိန်တိုအတွင်း တောင်သူများ အကျိုးအမြတ်ဝင်ငွေရရှိသည့် ဆီထွက်သီးနှံ(နေကြာ)ကို ယခုနှစ် လျာထားချက်အတိုင်း ကျေးရွာများတွင် အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည့် အကူအညီများကို တောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အဆိုပါကျေးရွာရှိ ဆီထွက်သီးနှံ(နေကြာ)လျာထားသည့် လယ်ဧကတွင်တောင်သူများ ထွန်ယက်စိုက်ပျိုးနေသည့် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ယခုနှစ်တွင် ဆီထွက်သီးနှံ(နေကြာ)ကို ၁၁၀၀ ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)