မိုင်းခုတ် ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက ကျောင်းသားလူငယ်များအနေဖြင့် ပညာသာမက ဘဝအတွက် စာပေအသိပညာဗဟုသုတ ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မီမီထွန်း က စာဖတ်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ အငယ်တန်း စာရေး ဒေါ်သန်းသန်းမြင့်က ကွမ်းစားခြင်းနှင့် ဆေးလိပ် သောက်ခြင်း၏ ဆိုးကျိုးများအကြောင်းကို ဟောပြောပြီးနောက် တက်ရောက်လာသော ကျောင်းသား/သူများက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး စာအုပ်စာစောင်များနှင့် လူကုန်း ကူးမှုအန္တရာယ် အသိပညာပေးအကြောင်းအရာများ၊ သက်ငယ်မုဒိမ်းမှုကင်းစင်ရေး ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်ရန် အသိပညာပေး အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး အကြောင်းအရာများပါသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)