ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေး ကျွေးမှု (၈၀၀)ကြိမ် ရှိလာ

ညောင်ဦး ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း၌ မြန်မာပြည် အရပ်ရပ်မှဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု (၈၀၀)ကြိမ် ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း မြန်မာပြည် အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေး ကျွေးမွေး လှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာဘူဖေး ကျွေးသူများပြားလာကာ (၈၀၀)ကြိမ်ထိ ဆင်စာဘူဖေးကျွးမှု များပြားလာပြီး နောက်ထပ်ကျွေး မွေးဖို့ Online မှလည်း ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂) ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ရာသီပေါ်သီနှံများအား ကျွေးမွေးကြပြီး ဆင်စာဘူဖေးတစ်ခါကျွေးလျှင် ငါးသောင်းကျပ်မှ တစ်သိန်းကျပ်ထိ လှူဒါန်းနိုင်ပြီး တနေ့စာ ဆင်ခြောက်ကောင်အတွက် တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်းသိရ သည်။

ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာ ဆင်းစခန်းတာဝန်ခံ လက်ထောက် မန်နေဂျာဖုံး (၀၉-၇၉၃၈၂၀၅၃၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြာင်း သိရကာ ကိုဗစ်-၁၉ ကူးစက် ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွးမှု (၈၀၀)ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း မြို့ပြအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ဆင်စာ ခက်ခဲလျက်ရှိကာ တောတောင်ရေမြေ သဘာဝအခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိ ဆင်များအတွက် အစာရေစာ မခက်ခဲကြောင်းလည်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း