ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄)ခုနှစ် ဆည်ရေသောက်နှင့် စိမ့်စမ်းရေသောက်၊ မိုးကောင်းသောက် မိုးစပါးများ စုစုပေါင်း ၁၆၈၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုအခါ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်တောင်းမြို့နယ်တွင် ကြက်မောက်တောင် ဆည်ရေသောက် မိုးစပါးနှင့် စိမ်းစမ်းရေသောက်များ၊ မိုးကောင်းသောက်များကို စက်တင်ဘာလ(ဝါဆို/ဝါခေါင်)တွင် စတင်စိုက်ပျိုးခဲ့ကြပြီး၊ စိုက်ရက်(၁၃၅)ရက်ခန့်ရသည့် ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်း စုစုပေါင်း စိုက်ပျိုးဧကမှာ ၁၆၈၃၉ ဧကဖြစ်ကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးဧကများအနက် ဆည်ရေသောက်ဧကများဖြစ်သော ကြက်မောက်တောင်ဆည် ရေသောက် ၂၉၄၅ ဧက၊ ပင်းဆည်ရေသောက် ၅၀၈ ဧက၊ ရေကူရေသောက် ၃၆၂ ဧက စုစုပေါင်းဆည်ရေသောက် ၃၈၁၅ ဧကဖြစ်ပြီး၊ စိမ့်စမ်းရေသောက် ၁၆၂၁ ဧက၊ မိုးကောင်းသောက် ၁၁၄၀၃ ဧက စုစုပေါင်း မိုးစပါးစိုက်ဧက ၁၆၈၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်တွင် မနောသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ ဧရာမင်းအစရှိသည့် စပါးမျိုးများကို အဓိကစိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေအောင်(ပြန်/ဆက်)