မိုင်းယုမြို့၌ အခြေခံစာတတ်မြောက်ရေးသင်တန်း ရက်(၄၀) စတင်ဖွင့်လှစ် သင်ကြား

မိုင်းယု ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အခြေခံစာမတတ်သူများ စာတတ်မြောက်စေရန်အတွက် အခြေခံစာတတ်မြောက်ရေးသင်တန်း ရက်(၄၀)ကို ယမန်နေ့ညနေ ၅ နာရီက စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းစတင်ဖွင့်လှစ်မှုအား မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး စာသင်ကြားရာတွင် အဆင်ပြေစွာသင်ကြားနိုင်ရေး၊ စာသင်ဝိုင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်မီးရရှိစေရေးနှင့် စာသင်ကြားပြသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းသင်တန်းကို ဒီဇင်ဘာ ၂၀ ရက်နေ့၊ ညနေ ၅ နာရီမှ ည ၈ နာရီထိ နေ့စဉ်သင်ကြားမည်ဖြစ်ပြီး ရက်ပေါင်း ၄၀ အကြာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းတက်ရောက်သည့် သင်တန်းသား/သူ စုစုပေါင်း ၃၁ ဦးရှိကြောင်း သိရှိရသည်။

ကိုကိုနိုင်