မိုင်းရှူး ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ယနေ့ နံနက် (၈)နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။
မိုင်းရှူးမြို့နယ်တွင် မြို့ပြပင်စင်စား (၈၄)ဦး၊ နိုင်ငံရေးပင်စင်စား (၂၅)ဦး၊ ကာကွယ်ရေးပင်စင်စား (၁၃၁)ဦး၊ စုစုပေါင်းပင်စင်စား (၂၄၀)ဦးရှိပြီး (အငြိမ်းစား)ပင်စင်စားများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ လစဉ် ၂၁ရက် နေ့မှ နောက်လ ၂၀ရက်နေ့ အထိလာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)