လားရှိုးမြို့သို့ ယာယီနေရပ်စွန့်ခွာသူများ၏ ကျန်းမာရေး လိုအပ်ချက်များအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး

လားရှိုး ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးနှင့် သိန္နီမြို့နယ်အတွင်းတွင် ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ် များကြောင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက်ရှိနေကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုများကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး  ဒေါက်တာထွန်းညွန့်ဦးနှင့် တာဝန်ရှိသူတို့က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူ များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆီးချို၊ သွေးချို၊ သွေးတိုးများ စစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်မှုပေးခြင်း၊ အသက်ငါးနှစ်အောက် ကလေးငယ်များကို အာဟာရဖွံ့ဖြိုးမှု တိုင်းတာခြင်း၊ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)