ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်၍ နတ်တလင်းမြို့၌ MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 21,2023
ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်၍ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ နံနက် ၉ နာရီခွဲကပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်ဆွေးနွေသူအဖြစ်ပါဝင်၍၊ ပဲခူးတိုင်းအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ ပဲခူးတိုင်းစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်လွင်၊ ပဲခူးတိုင်းစားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာရွှေ၊ ပဲခူးတိုင်းသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်၊ ပဲခူးတိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဝေ၊ ပဲခူးတိုင်းဘဏ်မန်နေဂျာ ဒေါ်ပပကျော်၊ နတ်တလင်းမြို့ ယောင်္ကျားကြီးငါပိလုပ်ငန်းရှင် ဦးကျော်လင်းတို့မှ ပါဝင်ဆွေးခဲ့ကြသည်။