ငပုတော ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သက္ကယ်ချောင်း ကျေးရွာ၌ ဆင်းရွှေကြာ -၂ နေကြာမျိုးစေ့ ကြဲပက်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကွင်းအမှတ် ၁၄၆၆ (က)၊ ဦးပိုင်အမှတ် (၈/၄)တောင်သူ ဦးစောနိုင်၏ လယ်မြေ (၅.၁၁)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နေကြာမျိုးစေ့ ကြဲပက်ပွဲ အခမ်းအနား သို့မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်၍ နေကြာမျိုးစေ့များကို စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ငပုတော)