သတင်းများ

မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Dec 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
မုံရွာမြို့တွင် ကျား/မရေးရာအမြင် ထည့်သွင်းစဉ်းစားမှု(Gender Mainstreaming) အသိပညာပေးသင်တန်း ဖွင့်လှစ်
Dec 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျား/မရေးရာအမြင် ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) အသိပညာပေးသင်တန်းကို ဒီဇင်ဘာလ ၁၉ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 21,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယမန်နေ့ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  စာပေချစ်သူများအသင်း (Book Club)တို့  ပူးပေါင်း၍  စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် “ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ကျေးသီးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကျေးသီးမြို့နယ် Community Centre ခန်းမ၌ ​စာရေးဆရာမ ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Dec 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အိမ်သုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေး
Dec 21,2023
မွန်ပြည်နယ်အတွင်းရှိ  မြန်မာ့စီးပွားရေးဘဏ်များ  နေ့စဥ်ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ပုံမှန်ထုတ်ပေးသည်။
ဘီးလင်းမြို့၊ အ.ထ.က(နှင်းပုလဲ)ကျောင်း၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်
Dec 21,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Dec 21,2023
ကျန်းမာတက်ကြွသော လူကြီးဘဝကို ဖြတ်သန်းနိုင်စေရန် ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။