မြောင်းမြမြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (နည်းပြ) သင်တန်း ဆွေးနွေးပွဲကျင်းပ
Dec 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (နည်းပြ) သင်တန်းကို ယနေ့နံနက် (၉:၀၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။