သတင်းများ

ကျောက်ဆည်တက္ကသိုလ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ (အကြို) ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 21,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်ထဲမှ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည် တက္ကသိုလ်တွင် ယနေ့နံနက် (၉)နာရီက အဆိုပါ တက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 21,2023
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ (၁)နာရီက ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Dec 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌  လစဉ် ၂၁ ရက်နေ့တိုင်း‌ ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၃၆ ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းဆေးရုံမှ သိရသည်။
ပုသိမ်မြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်လှစ်
Dec 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ပို့ချခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးကွင်းနှင့် ရွှေအိုက်ကွင်းအတွင်း စိုက်ပျိုးမွေးမြူရေး တွဲဖက်ဆောင်ရွက်သည့် ခြံစိုက်တောင်သူများနှင့် တွေ့ဆုံ၊ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး
Dec 21,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီအချိန်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်း ပမ္မတီးကွင်းနှင့် ရွှေအိုက်ကွင်းရှိ စိုက်ပျိုးမွေးမြူရေး တွဲဖက်လုပ်ကိုင်ဆောင်ရွက်သည့် ခြံစိုက်တောင်သူများ၏ ခြံများသို့ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း(ခွဲ)(ဖြူးစု)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်း(ခွဲ)(ဖြူးစု)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့တွင် ၂၀၂၃ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေး‌လုပ်ငန်းမြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့်ဆင့် ပွားနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိ
Dec 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲအချိန်မှစ၍ သရက်ချောင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိသည်။