ဥတ္တရသီရိမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုက်ရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော တောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲကျင်းပ

ဥတ္တရသီရိ ဒီဇင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စပါးသားတက်ဆင့်ပွားနည်းပညာနှင့် ရေစိုတလှည့်ခြောက်တခါ ရေထိန်းနည်းစနစ် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာ သစ်တောမြေ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးချုပ် (နည်းပညာ) ဒေါက်တာမင်းစံသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ထောက်သုတေသနအရာရှိ ဦးကျော်မြိုင်က စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာအဆင့်ဆင့်၊ ရိုးပြတ်ဖြတ်ချိန်နှင့် ရိုးပြတ်အမြင့်၊ မြေသြဇာကျွေးခြင်း၊ စိုက်ပျိုးရေ စီမံခန့်ခွဲမှုများအကြောင်းကိုလည်းကောင်း၊ ရေစိုတလှည့်ခြောက်တစ်ခါ ရေထိန်းနည်းစနစ်တွင် လိုက်နာရမည့်အချက်များ၊ အကျိုးကျေးဇူးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းဟန်နှင့် မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်တို့က သီးထပ်စွမ်းအားတိုးတက်မြင့်မားစေရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး၊ တောင်သူများ ဝင်ငွေတိုးတက်စေရန် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီး စိုက်ပျိုးနိုင်ရေးတို့အတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) တို့ဖြင့် ဆောင်ရွက်သွားရန်၊ သုံးသီးစိုက်ပျိုးနိုင်ရန်အတွက်လည်း သက်တမ်းတိုးအထွက်နှုန်း ကောင်းသောမျိုးများ ပြောင်းလဲသုံးစွဲရန်၊ စိုက်ပျိုးသည့်သီးနှံတိုင်း ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးချုပ် (နည်းပညာ) ဒေါက်တာမင်းစံသိန်း၊ လက်ထောက်သုတေနအရာရှိ ဦးကျော်မြိုင်နှင့် တာဝန်ရှိသူများ၊ ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲထွဋ်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း (ပြန်/ဆက်)