မြောင်းမြ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (နည်းပြ) သင်တန်းကို ယနေ့နံနက် (၉:၀၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြောင်းမြမြို့နယ် ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်က အခြေခံစာတတ်မြောက်ရေး (နည်းပြ) သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်မှ နည်းပြများအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ပေးပို့သည့် ထောက်ပံ့ပစ္စည်းများအားပေးအပ်ခဲ့ရာ အ.ထ.က (၁) ကျောင်းမှ ဆရာမဒေါ်နီမာဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆွေးနွေးပွဲကို မြောင်းမြခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၂၃) ရက်နေ့အထိ (၃) ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)