မုံရွာမြို့၌ ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို Ending Plastic Pollution ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ
May 28,2025
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသောပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို သိရှိစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်စေရန်ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် (၅၂)ကြိမ်မြောက် ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြိုအနေဖြင့် Ending Plastic Pollution ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။