ကျိုင်းတုံ မေ ၈
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျိုင်းတုံခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ဝတ္တုတို၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် မေ ၇ ရက်က ကျင်းပခဲ့သည်။
ဦးစွာ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့ ကျိုင်းတုံမှ ဒုတိယရဲမှူးဝင်းထွန်းနှင့်တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရာသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီးနေမျိုးထွဋ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ အမှတ်(၇)မူးယစ်တပ်ဖွဲ့ခွဲ(ကျိုင်းတုံ)မှ ဒုတိယရဲမှူးကြီး ကျော်ဇေယျဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)