သာပေါင်းမြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

သာပေါင်း မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျင်သိန်း၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်တို့က အစိုးရသစ် ရက်(၁၀၀)စီမံချက်အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မိတ်ဆက်စကားပြောကြားပြီး ဌာန(၁၂)ခုတို့အား စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၀)လုံးပြိုကျ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ နေအိမ်(၂၁)လုံး အမိုးလန်ပျက်စီးခဲ့ကြရသည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းပုံးများနှင့် ထောက်ပံ့ငွေများကို လက်ရောက် ပူးပေါင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း (ပြန်/ဆက်)

၀၉ ၉၇၂၂၄၄၆၈၁