သတင်းများ

ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ ၂၀၂၆ ခုနှစ် လူထုဖြန့် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိ
May 08,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပန်းပိတောက်၊ ခရေ၊ ကံ့‌ကော်၊ စိန်ပန်းကြီး၊ စိန်တချူ၊ စိန်ပန်းပု၊ ဗန်ဒါ၊ ပင်လယ်ကဗွီး၊ ပျဉ်းမ၊ မန်ဂျန်ရှား စသည့် ပျိုးပင်ပေါင်း (၂၅၀၀၀) ပင်ကို နည်းလမ်း(၉)သွယ်ဖြင့် ဖြန့်ဝေစိုက်ပျိုးသွားရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။
တာချီလိတ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်ပွဲအခမ်းအနားကျင်းပ
May 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများကြားပိုမိုနီးကပ်စွာဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးတို့အတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားသွားလမ်းရှိ အဆိုပါရုံးတွင် ကျင်းပသည်။
မိုးနဲမြို့နယ်တွင် မဲခေါင်-လန်ချန်းပူး‌ပေါင်းအစီအစဉ်ဖြင့် ပဲပုပ်တိုးချဲ့စိုက်ပျိုးရေးအတွက် အထွက်ကောင်းပဲပုပ်မျိုး (ရေဆင်း-၁၅) စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြ
May 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် မဲခေါင်-လန်ချန်းပူး‌ပေါင်းအစီအစဉ်ဖြင့် ပဲပုပ်တိုးချဲ့စိုက်ပျိုးရေးအတွက် အထွက်ကောင်းပဲပုပ်မျိုး (ရေဆင်း-၁၅) စိုက်ပျိုးထုတ်လုပ်မှုကွင်းသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နမ့်မော်ဆွမ့်ကျေးရွာ၊ ကွင်းအမှတ်(၉၈)၊ တောင်သူ ဦးစိုင်းသန်းထွန်း၏ လယ်မြေနေရာတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေး
May 08,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်တောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ပြုလုပ်ပေးခြင်းတို့ကို မေ ၇ ရက်နေ့ နံနက် ၉ နာရီက စတင်၍ စံပြရပ်ကွက်ရှိ ဆွမ်းလောင်း ဓမ္မာရုံတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်
May 08,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်ဖြင့် စီစဉ်ဖွင့်လှစ်သည့် အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
‎လောင်းလုံးမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ပြည်သူများနိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်
May 08,2026
‎တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ ယမန်‌နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအထိ ထားဝယ်မြို့နယ်(တွဲ)လောင်းလုံးမြို့နယ် ဦးစီးမှူးရုံး၌ ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပ
May 08,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စာဖတ်ရှိမြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနား တက်ရောက်
May 08,2026
ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးမြောက်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ လယ်ဝေးခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ လယ်ဝေးခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီးအေးကျော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးမြောက်သူများ တက်ရောက်သည်။