ကျိုင်းတုံ မေ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့၊ ဒေါ်နန်းနော်နှင့် ဦးအိုက်ပလိတ်တို့က မိတ်ဆက်နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က နိဂုံးချုပ်စကားပြန်လည်ပြောကြားသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)