သတင်းများ

မကွေးတိုင်းဒေသကြီးအတွင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဆန်စက်နှင့်ဆန်စပါးလုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
May 08,2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဆန်စက်နှင့်ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မကွေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့၌ နိုင်ငံ့သားကောင်း တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအား ကြိုဆို
May 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က နိုင်ငံ့သားကောင်း တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်သည်။
ပုဇွန်တောင်မြို့နယ်၌ အစိုးရသစ် ရက်(၁၀၀)စီမံကိန်းတွင် ပါဝင်သည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
May 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အစိုးရသစ် ရက်(၁၀၀) စီမံကိန်းတွင် ပါဝင်သည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့နံနက် ၇ နာရီခွဲက မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန်အစာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်
May 08,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန် စိုက်ခင်းများရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ ပန်းတောင်းမြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
May 08,2026
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ (NGO) များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့သည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
May 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ နေ့ချင်းပြီးပြုလုပ်ပေးအပ်ခြင်းများကို ဝန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖယ်ခုံမြို့တွင် နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းနှင့်လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
May 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ၌ ဖယ်ခုံမြို့၊မြို့နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။