သတင်းများ

ရေကြည်မြို့နယ်အသုတ်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် မီးလောင်မှုဖြစ်
May 08,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်း (၁)နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
May 08,2026
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ဦးဆောင်မှုဖြင့် ရပ်ကွက် လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး(Abate Campaign) လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၇)နာရီက မြို့ပေါ်ရွှေဘုံသာရပ်ကွက်အတွင်းရှိ (၁၆၈) အိမ်တို့အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ်၌ မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေဆိုင်ရာအ‌ကြောင်း ရှင်းလင်းပွဲ ကျင်းပ
May 08,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေဆိုင်ရာအ‌ကြောင်း ရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကလောမြို့နယ်ရှိ မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေး ရောင်းချလျက်ရှိသည့်‌ လုပ်ငန်းရှင်များတက်ရောက်ခဲ့သည်။
ကျေးသီးမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန၌ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
May 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ရုံးတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကလေးကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 08,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တာလေမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
May 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က တာလေမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသော "လူငယ်နှင့်ဇွဲ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သော တိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 08,2026
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သော နွေရာသီ အဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက်၌ ဂန္ဓကုဋိတိုက်တော် ရွှေထီးတော်သစ် တင်လှူပူဇော်
May 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက်ရှိ သာသနာ ၂၅၀ဝ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိ ဘုံခုနှစ်ဆင့် ပြာသာဒ်တော်ကြီး၏ ရွှေထီးတော်သစ် တင်လှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။