သတင်းများ

တံတားဦးမြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
May 28,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန် မိုးဦးကျတွင်ဖြစ်ပွားတက်သော သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားရေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် တံတားဦး အခြေခံပညာအထက်တန်းကျောင်းတွင် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
May 28,2025
ချမ်းအေးသာစံမြို့နယ်၊ ကဥ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃x ၃၄ လမ်းကြားရှိ ဒေါ်လင်းလင်းကြွယ်၊ ပိုင်ဆိုင်သော Cow Boy Bar တွင် မေလ ၂၈ ရက် နံနက် (၉း၅၀) နာရီတွင်  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
​​​​​​​လိပ်သိုမြို့ပေါ်၌ ဒေသထွက်သရက်သီးများ စျေးကောင်းရရှိ
May 28,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သော သရက်ပင်များကို စိုက်ပျိုးထားကြပြီး သရက်သီးများခူးယူရောင်းချရာ စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒလမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
May 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင်   ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ရတနာခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်
May 28,2025
“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး “ကျောင်းအပ်နှံရေးနေ့”  အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေးနေ့သီချင်း” ဖြင့် သီဆိုကပြဖျော်ဖြေသည်။
ပေါင်းတည်၌ မိုးစပါးစိုက်ပျိုး​ရေးလုပ်ငန်းများ စတင်ဆောင်ရွက်
May 28,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်မည့်တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း ရွာသွန်းလျက်ရှိသော ရေတော်မိုးတော်ဖြင့်  စိုက်ပျိုးမြေများ၌ သဘာဝမြေဩဇာထည့်သွင်း၍ စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။
ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ၈၉ ရာခိုင်နှုန်း ကျောင်းအပ်နှံပြီးစီး
May 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို “ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၃၉၄)ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။