ထန်းတပင် မေ ၁၀
သံဃာတော်များနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေစိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအခြေပြု၍ ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင်လည်း နယ်လှည့်ဆေးကုသရေးအဖွဲ့မှ သံဃာတော် (၁၅) ပါးနှင့် ကျေးရွာနေပြည်သူ (၁၅၀) ဦးတို့အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားရောဂါ၊ ကလေးကျန်းမာရေးနှင့် ကလေးရောဂါ၊ သားဖွား / မီးယပ်ရောဂါ၊ အထွေထွေရောဂါနှင့်ပတ်သက်သည့် လိုအပ်သည့်ဆေးဝါးကုသမှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသပေးနေမှု အခြေအနေများကိုလည်း မှော်ဘီတပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မှော်ဘီတပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက ရေစိုကျေးရွာဘုန်းတော်ကြီးကျောင်း ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာအရှင်ပညာဒီပအား ဆီ၊ ဆွမ်းဆန်တော်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသလို ဆေးလာရောက်ကုသကြသည့် ကျေးရွာနေပြည်သူများကိုလည်း ကြက်ဥနှင့်မုန့်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)