ဟင်္သာတမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃ လုံးအမိုးလန်မှုဖြစ်ပွား

ဟင်္သာတ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းတွင် ၂၀၂၆ ခုနှစ် မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံး အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဦးမိုးမြင့်မောင် ပိုင်ဆိုင်သော အလျား (၅၀)ပေ၊ အနံ(၁၈)ပေ၊ အမြင့် (၂၅) ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ (၂) ထပ် သစ်အိမ်၊ အမိုးလန်မှုကြောင့်ကာလတန်ဖိုး (၄၀၀၀၀၀)ကျပ်၊ ဦးဇော်မိုး ပိုင်ဆိုင်သည့် အလျား (၃၀) ပေ၊ အနံ(၁၅)ပေ၊ အမြင့် (၁၂)ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ သစ်အိမ်၊ အမိုးလန်မှုကြောင့် ကာလတန်ဖိုး (၂၀၀၀၀၀) ကျပ်၊ ဒေါ်ခင်ကြည် ပိုင်ဆိုင်သည့် အလျား(၂၅)ပေ၊ အနံ (၁၅) ပေ၊ အမြင့် (၁၂) ပေရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း၊ တိုက်အိမ် အမိုးလန်မှုတို့ကြောင့် ကာလတန်ဖိုး (၂၀၀၀၀၀) ကျပ်ခန့် ဆုံးရှုံးခဲ့ရသည်။

အဆိုပါ မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၃) လုံး၊ ပျက်စီးဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိပါကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)