အဆင့်မြင့်ပညာအဆင့်လူရည်ချွန်စခန်း( ချောင်းသာ)တွင် လူရည်ချွန်ကြီးများနှင့်တွေ့ဆုံပွဲ ကျင်းပ

ပုသိမ် မေ ၇

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြိုတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ)တွင်အပန်း‌‌ ဖြေအနားယူရန်နှင့်ဒေသန္တရဗဟုသုတရှာရန်ရောက်နေကြသောအဆင့်မြင့်ပညာအဆင့်လူရည်ချွန်များနှင့် (၁၉၆၄-၈၈)လူရည်ချွန်ကြီးများနှင့်တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းက ချောင်းသာ Akariz  Garden Resort ၌ကျင်းပသည်။

ရှေးဦးစွာလူရည်ချွန်ကြီးများဖွဲ့မှ  ဦးတင်အောင်(စာရေးဆရာခြိမ့်သဲ) မှ၁၉၆၄-၈၈ လူရည်ချွန်ကြီးများအဖွဲ့အကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ Dr စိုးဝင်း (အမြဲတန်းအတွင်းဝန်ငြိမ်း) ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဝိဇ္ဖာ/သိပ္ပံပညာရှင်များအဖွဲ့ဥက္ကဋ္ဌက လူရည်ချွန်နှင့်ပညာရေးအကြောင်း၊ Dr မိုးမိုးခိုင်က ဧရာဝတီတိုင်းဒေသကြီးဖွံဖြိုးတိုးတက်ရေးအကြောင်း၊ ဒေါ်ဝင်းသိင်ဂီကျော် (ကျောင်းအုပ်ကြီး) မန္တလေး ပညာရေးဒီဂရီကောလိပ် ကအမှတ်တရဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခန်းအနားသို့ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် Dr သောင်းထိုက်နှင့် တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများ၊ ကြီးကြပ်ဆရာ/မများ၊ အဆင်မြင့်ပညာအဆင့်လူရည်ချွန်‌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)