ရွှေဘိုခရိုင်ရုံးလူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား

ရွှေဘို မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်၉နာရီ၃၀ အချိန်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များနွေရာသီကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်ချက်ဖြင့် နွေရာသီအခြေခံပန်းချီသင်တန်း (အခမဲ့) စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်ကာလတွေမှာ ကျောင်းသူကျောင်းသားလူငယ်တွေ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန် ပန်ချီပညာ၏အခြေခံအကြောင်းတရားများ သိရှိနိုင်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်တဲ့ နွေရာသီအခြေခံပန်းချီသင်တန်းကို အခြေခံပညာကျောင်းများ ကျောင်းသူကျောင်းသားတွေအတွက် အခမဲ့ဖွင့်လှစ် သင်ကြားပေးတာဖြစ်ပြီး သင်တန်းကာလ တစ်လတာကြာမြင့်မှာဖြစ်ပါတယ်ဟု ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ပြော​ကြားသည်။

အဆိုပါနွေရာသီအခြေခံပန်းချီသင်တန်းကိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်းသားလူငယ်များအား အခြေခံပန်းချီပညာအကြောင်းသိရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည် ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့သင်တန်းသားသင်တန်းသူဦး ၂၅ တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)