နိုင်ငံတော်အစီအစဉ်ဖြင့် ရပ်ကွက်နေပြည်သူများသို့ စားဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ရေဦး မတ် ၁

ဒေသခံပြည်သူများ မိသားစုစားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနတာ၀န်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မတ် ၁ ရက်နံနက် ၁၀ နာရီက ဗိုလ်‌အောင်ဇေယျရပ်ကွက်ရှိ ဒေသခံ ပြည်သူများသို့ စားဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

စားဆီများရောင်းချရာတွင် အိမ်ထောင်စုတစ်စုလျှင် စားဆီ ငါးဆယ်ကျပ်သားကို ငွေကျပ် - ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ရာ စုစုပေါင်းအိမ်ထောင်စု ၃၀၀ စုအတွက် ဆီပိဿာချိန် ၁၅၀ ပိဿာကို ရောင်းချပေးခဲ့သည်။

လက်ရှိပြင်ပ၌ရောင်းချနေသော ဆီဈေးနှုန်းမှာ ဆီတစ်ပိဿာလျှင် ငွေကျပ် ၇၉၀၀ ဈေးဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ဒေသခံပြည်သူများ စားဆီ လွယ်ကူစွာ၀ယ်ယူစားသုံးနိုင်ရေးအတွက် နိုင်ငံတော်က ရပ်ကွက်ကျေးရွာများရှိပြည်သူများထံသို့ အလှည့်ကျဖြင့် လက်၀ယ်အရောက် ရောင်းချပေးခြင်းဖြစ်ကြောင်း ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ပြောပြချက်အရ သိရသည်။

သန်းသန်း (ရေဦး)