မြို့နယ်၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ရွာငံ မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ကော်ဖီထုတ်ကုန်အဖွဲ့ခေါင်းဆောင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း ဦးဆောင်သော ကော်ဖီထုတ်ကုန်အဖွဲ့၊ အဖွဲ့ဝင်များက ရှမ်းပြည်နယ်အတွင်းရှိ ဦးစားပေးဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက်‌ အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ် (Work Plan) များအား ရေးဆွဲရန်အတွက် ကော်ဖီထုတ်ကုန်အဖွဲ့နှင့် ဒေသခံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း စသည်များကို အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရွာငံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးသန့်က  ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ကော်ဖီစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်၊ အစုအဖွဲ့နှင့်‌ တောင်သူများက သိလိုသည်များကို အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)