လားရှိုးမြို့တွင် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးရေးလုပ်ငန်းများ ကောက်ယူပေး  

လားရှိုး မတ်လ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများအား Biometiic Data များ ကောက်ယူ၍ UID ထုတ်ပေးရေးလုပ်ငန်းများ ကောက်ယူခြင်းကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ပြုလုပ်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။  

အဆိုပါ Biometiic Data များ ကောက်ယူ၍ UID ထုတ်ပေးရေး လုပ်ငန်းများ ကောက်ယူရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ရုံးသည် ပြည်နယ်၊ ခရိုင်ရုံး၏ ကြီးကြပ်မှုများနှင့်အတူ လားရှိုးမြို့ ၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းကျောင်းတိုက် တို့တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုမိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စု မရှိသူများအား အိမ်ထောင်စု ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးသူများကို မိတ္တူထုတ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့် (၁၈) နှစ်ပြည့်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

စိုင်းထွန်း (လားရှိုး)