မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံ

မော်လမြိုင်ကျွန်း မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို မတ်လ(၁)ရက်နေ့ နေ့လည် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က နယ်မြေအေးချမ်းသာယာရေး၊ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းပညာအကူအညီဖြင့် ဘောင်ပျိုးစနစ် ပျိုးထောင် စိုက်ပျိုးထားသည့်ရက် (၉၀)မျိုး  မျိုးကောင်း မျိုးသန့်များ အထွက်နှုန်း ကောင်းမွန်စွာ ထွက်ရှိနိုင်ရေး‌ ဆောင်ရွက်ကြစေလိုကြောင်း၊ ပါဠိ ပထမမြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ စာဖြေသံဃာတော်များအား အာရုံဆွမ်း၊ နေ့ဆွမ်းကပ်လှူပူဇော်နိုင်ရေး၊ ဆုတော်ငွေများ ဆုချီးမြှင့်နိုင်ရေး၊ မြို့နယ်အတွင်း အမှိုက်ကင်းစင်မှုဖြစ်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ဝန်ထမ်းများနှင့် ပြည်သူများ မီးကိုစနစ်တကျအသုံးပြုရန်၊ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက ဆုပေးပွဲအတွက် ကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီးနောက် ဆောင်ရွက်မည့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)