စလင်းမြို့နယ်တွင်၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးလျာထား (၁၃၀၀)ဧကမှ နွေစပါးစတင်ထွန်ယက်စိုက်ပျိုး

စလင်း မတ် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေးသီးနှံဆန်ပါးစိုက်ပျိုးရန် လျာထား(၁၃၀၀)ဧကရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ ဒေသခံတောင်သူ များအနေဖြင့် လျာထားဧက ပြည့်မီကျော်လွန်နိုင်ရန်  စိုက်ပျိုးနေပြီဖြစ်ကြောင်း  ရမှတ်ကျေးရွာ တောင်သူ ဦးဆန်းမင်းထံမှ   သိရ သည်။

စလင်းမြို့နယ်အတွင်း  နွေစပါးစိုက်ပျိုးရာသီတွင်  လျာထားဧကပြည့်မီအောင်  အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီဆည်၊ မုန်းမြောင်းမကြီးနှင့် စလင်းတမံ၊ လင်းဇင်းဆည် ရေသောက်  မြောင်းလက်တံများမှ သွယ်တန်း၍လည်းကောင်း မြေအောက်ရေကို အသုံးပြု၍လည်းကောင်း  ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ကာ ထွန်ယက်စိုက်ပျိုးနေပြီဖြစ်ကြောင်း​ နွေစပါးစိုက်ပျိုး တောင်သူများထံမှသိရသည်။ စလင်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးရန်လျာထား (၁၃၀၀)ဧက၊ ကွင်းအမှတ်(၁၀)ကွင်း၊ တောင်သူပေါင်း (၉၉၅) ဦးတို့မှ  နွေစပါးစိုက်ပျိုးကြမည်ဖြစ်ရာ စလင်းမြို့နယ်အတွင်း  စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် သီးနှံအထွက်နှုန်းတိုးတက်စေရေးနှင့် မျိုးကောင်းမျိုးသန့်များထွက်ရှိ ရေး သီးနှံစိုက်ပျိုးရန်၊ သီးနှံစိုက်စွမ်းအား ထွက်ရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ရာ နွေစပါးစိုက်ပျိုးနိုင်ရေးနှင့် နွေနှမ်းစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ  ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တောင်သူများဖြင့် ကော်မတီအဖွဲ့များ ဖွဲ့စည်းကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မျိုးကောင်းမျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုး၍ နွေစပါးလျာထား စိုက်ဧက ပြည့်မီရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ  အထွက်နှုန်းကောင်းမွန်၍  စိုက်ပျိုးရေးနည်း စနစ်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် ကျေးရွာအုပ်စု (၅)အုပ်စုဖြစ်သည့်  ဖောင်းလင်း၊ ဘီးဇပ်၊ တောင်ရွာထန်းတော၊ တောင်ကန်၊ ရွာမှတ်ကျေးရွာအုပ်စုများမှ နွေစပါး စိုက်ပျိုးရန် လျာထားသည့်  တောင်သူများအနေဖြင့် စတင်ထွန်ယက်စိုက်ပျိုးနေပြီဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

(မောင်လွင်)စလင်း