မချမ်းဘောမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ

မချမ်းဘော မတ်၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဥ် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆေးထိုးဆေးတိုက် ဆောင်ရွက်ရာတွင် မွေးစမှ (၂) လ၊ (၄) လ၊ (၆) လ၊ (၉) လနှင့် တစ်နှစ်ခွဲ ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ) ဦးနှောင်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိပ်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ် အဖြစ် ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးဆေးတိုက်ခြင်းကို မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးများအား လစဥ် လဆန်း (၁) ရက်နေ့နှင့် (၂) ရက်နေ့များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)