မိုင်းယု မတ် ၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ လျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်၊ ဝမ်နားဟွေ့ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ ဗိုလ်ကြီး ရန်အောင်၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှူး၊ စိုက်ပျိုးရေးဦးစီးမှူးနှင့် စာတိုက်ဦးစီးမှူးတို့ တက်ရောက်ဟောပြောခဲ့ကြ သည်။
ဟောပြောမှုတွင် ဒေသတွင်းတောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများ မပြုလုပ် စေရေး၊ မီးခိုးမြူငွေ့ ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး၊ စိုက်ပျိုးရာသီဖြစ်သော်လည်း တောမီးများရှို့ရာတွင် မီးတားလမ်းများ ပြုလုပ်ထား၍ ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ဆောင်ရွက်နိုင်ရေး၊ ပေါ့ဆစွာလောင်ကျွမ်းမှုဖြစ်ပေါ်ပါက ရရှိလာမည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် ပတ်သက်၍ အသိပညာပေးခြင်း စသည့်အကြောင်းအရာ များကို ဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဝမ်နားဟွေ့ပြည်သူတို့ကို ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစာင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် ဝမ်နားဟွေ့ပြည်သူတို့မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်