သတင်းများ

ညောင်ဦးမြို့နယ်၌ ဆီထွက်သီးနှံမြေပဲဧက ၁၂၁၁၁၉ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ မိုးရွာသွန်းမှုကောင်းခြင်းကြောင့် တောင်သူများ မြေပဲအထွက်နှုန်းကောင်းရန် မျှော်လင့်
Aug 14,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ စိုက်ပျိုးထားသည့် ပင်ပြန့်မြေပဲ၊ ပင်ထောင်မြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Aug 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ကူမဲမြို့အနီးရှိ  ရန်ကုန်-မန္တလေး လမ်းမကြီးတစ်လျှာက်သွားလာသူပြည်သူများအား ယမန်နေ့ နံနက်ပိုင်းအချိန်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး 
Aug 14,2025
‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၈) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Aug 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ စာအုပ်ပြပွဲကို ဩဂုတ်လ ၁၂ ရက်နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Aug 14,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်၍ ဩဂုတ် ၁၂ ရက် နံနက် (၁၀)နာရီအချိန်က အ.မ.က(မူလွန်)ကြို့ကုန်းကျောင်း၊ မွန်းလွဲ(၁)နာရီအချိန်က အ.မ.က(မူလွန်) ဘုရားကြီးကုန်းကျောင်းနှင့် မွန်းလွဲ(၂)နာရီခွဲအချိန်က တောင်ဝင်းကုန်းကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျိုင်းလပ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Aug 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ရက်ကွက်(၃)ရှိ မြို့ဦးရှေးဟောင်းဘုရားကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
တာချီလိတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ပိုလီယိုဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ငွေများ ပေးအပ်
Aug 14,2025
‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးရာပါ ပိုလီယိုဝေဒနာရှင်ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် လစဉ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခန်းမတွင် ကျင်းပသည်။
တပ်ကုန်းမြို့၌ ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် အစာသုံးအုပ်စုပြိုင်ပွဲ ကျင်းပ
Aug 14,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် အစားသုံးအုပ်စုပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။