ကော့သောင်းခရိုင် ဂုဏ်ဆောင်လူရည်ချွန်မောင်မယ်များအား နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆို
May 12,2026
၂၀၂၆ ခုနှစ်၊ ကော့သောင်းခရိုင်မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ကြီးကြပ်ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများလိုက်ပါသည့် နေပြည်တော်၊ ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာ လေ့လာရေးခရီးစဉ်သွားရောက်ရာမှ ယနေ့ညဦးပိုင်းတွင် ကော့သောင်းလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား/သူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။