သတင်းများ

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
May 12,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်
May 12,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီ‌ဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်
May 12,2026
မြန်မာ့ဘောလီဘောအားကစား တိုးတက်မြင့်မားစေရန်၊ ခရိုင်အသင်းများအချင်းချင်းသွေး စည်းညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားလာစေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသားဘော်လီ‌ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းနားကို ယမန်နေ့ညနေ (၄)နာရီက တိုင်းဒေသကြီး မိုးလုံ‌လေလုံအားကစားခန်းမ၌ကျင်းပသည်။
မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရန် ပြင်ဆင်ဆောင်ရွက်ထား
May 12,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လက်တလောဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မလိုလားအပ်သော သဘာဝဘေးအန္တရာယ်များ ကျရောက်‌ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မေ ၁၁ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများ၊ တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးဧက ငါးသောင်းသုံးထောင်အတွက် စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ စတင်ထုတ်ချေးပေး
May 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို မေလ ၁၂ ရက် နံနက်မှစကာ ကကတိုက်၊ အလမန်းကျောင်းစု၊ ဂွေးချောင်းကျေးရွာသုံးရွာမှ တောင်သူလယ်သမားများအား စတင်ထုတ်ချေးပေးခဲ့သည်။
ကျွန်းလှမြို့နယ်၌ ခဝဲသီးနှံ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေ
May 12,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးကြရာ ယခုမှစ်ခဝဲသီးနှံဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 12,2026
တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့၊ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး မှုခင်းကျဆင်းရေး ဟောပြောပွဲ ပြုလုပ်
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို အမှတ် (၁) ရပ်ကွက်၊ ယုဇနလမ်းရှိ ကန်ကြီးကျောင်းတိုက်ဓမ္မာရုံတွင် မေ ၁၁ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။