မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမ ဝါယမအသင်းစုပိုင်ငွေဖြင့် မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူများစိုက်ပျိုးထားသော မိုးကြိုဝါစိုက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ်နေမှုများကို ယမန်နေ့နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။