တာချီလိတ်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ
May 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ၏ မီးဘေးလုံခြုံရေး ပိုမိုကောင်းမွန်လာစေရေးနှင့် ဝန်ထမ်းများ၏ မီးဘေးတုံ့ပြန်နိုင်စွမ်း မြင့်မားလာစေရန် ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းလေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဆန်ဆိုင်း (ခ)ရပ်ကွက် မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပသည်။