သတင်းများ

နတ်မောက်မြို့၌ မူလတန်းပြ ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်လှစ်
May 14,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် မူလတန်းပြ ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆရာ ဖြစ်သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ကန့်ဘလူဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
May 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ ကန့်ဘလူဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မေ ၁၃ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီမျိုးစေ့နှင့် ပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်
May 14,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီမျိုးစေ့နှင့် ပျိုးပင်များ‌ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
နတ်မောက်မြို့၌ မူလတန်းပြ ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်လှစ်
May 14,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် မူလတန်းပြ ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆရာ ဖြစ်သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ကမမောင်းမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 14,2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း သံလွင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဦး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့ကြသည်။ 
ကျိုက်ထိုမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်
May 14,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သရက်မြို့၌ ရက်(၁၀၀)အတွင်း ဝင်ငွေတိုးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 14,2026
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများကို သရက်မြို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။        
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.Novan Ivanhoe Saleh အဖွဲ့အား လက်ခံတွေ့ဆုံ
May 14,2026
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် မေ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.Novan Ivanhoe Saleh၊ စီးပွားရေးသံမှူး Mr.Arvinanto Soeriaatmadja နှင့် သံမှူး Mr. Wahono Yulianto တို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံသည်။