သတင်းများ

ခန္တီးမြို့၌ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Aug 14,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်နှင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ(Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ခန္တီးခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 14,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဩဂုတ်လ ၁၁ ရက်နေ့မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
ခန္တီးမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသ
Aug 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုများနှင့်ပတ်သက်၍ အသိပညာပဗဟုသုတရရှိစေရန်၊ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်နှင့် သတိပြုရှောင်ရှားတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုဖိုင်အား အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)၌ ယမန်နေ့က ပြသခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 14,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မတီ (၅/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့သည်။
မင်းဘူးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားလူငယ်လေးများက စာအုပ်၊ စာစောင်များ ငှားရမ်းဖတ်ရှု
Aug 14,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ စာအုပ်စာစောင် သုတ/ရသနှင့် ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ နေ့စဉ် နေ့လယ် (၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်များတွင် ကျောင်းသား၊ ကျောင်းသူများသည် စာကြည့်တိုက်အတွင်းသို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ခြင်းနှင့် ကလေးငယ်များအား အာဟာရများကျွေးမွေး
Aug 14,2025
ကချင်ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၌ တိုက်နယ်ဆေးရုံရှိ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ခြင်းနှင့် မေတ္တာရှင်နေ့ကလေးထိန်း‌ကျောင်းရှိ ကလေးငယ်များအား အာဟာရများကျွေးမွေးခြင်းကို သြဂုတ် ၁၃ ရက်က ကွင်းဆင်းဆောင်ရွက်ကြသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပုံပြင်​​​ပြောပြိုင်ပွဲ ကျင်းပ
Aug 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center) ခန်းမတွင်​ ယနေ့ နံနက်ပိုင်းက ပုံ​ပြင်​ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြုလုပ်ငန်းလျာထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Aug 14,2025
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြုလုပ်ငန်းလျာထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ခေတ္တပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။