သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ ၇၆၁၂ဧက စိုက်ပျိုး
Aug 07,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံများကို မိုးကြို၊ မိုးနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးကြကြောင်း သိရှိရပြီး သင်းဒီးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု (၁၃)အုပ်စုတွင် ၂၀၂၅၊ ၂၀၂၆ ခုနှစ် မိုးချည်မျှင်ရှည်ဝါ ၇၆၁၂ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း(မိုးထိ)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ​​​ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်
Aug 07,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း (မိုးထိ)ရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာအချက်အလက်များအား အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ အများပြည်သူများအား ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်ကောက်ယူခြင်းဆောင်ရွက်
Aug 07,2025
‎မန္တလေးတိုင်းဒေသကြီး၊မဟာ‌အောင်မြေမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ကွင်းဆင်း ဆောင်ရွက်‌ပေးသည့်အပြင် မြို့နယ်ရုံးတွင် လည်းဝန်ထမ်းများက အများပြည်သူများအား ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် (Biometrics Data) ကောက်ယူခြင်းလုပ်ငန်းများအား နေ့စဉ် ဆောင်ရွက်‌ပေးလျက်ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ 
Aug 07,2025
၂၀၂၅ ခုနှစ်၊  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ(အမျိုးသား)  ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့   ညနေ ၃ နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
Aug 07,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်၇ရက် နံနက်၉နာရီက တမ္ပဝတီရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ် နိုင်ရေး လုပ်ငန်းညှိနှိုင်း 
Aug 07,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။
ပျော်ဘွယ်မြို့၊ အ.လ.က(ကျောက်တိုင်)တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 07,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ကျောက်တိုင်)တွင် ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ပြည်နယ်/ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 07,2025
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ပြည်နယ်/ ခရိုင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။