ဒေးဒရဲ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် တော်ကမယ်ကျေးရွာရှိ နေအိမ်များ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး အတည်ပြုလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ခြင်းကို မြိုနယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင် ဦးဆောင်မှုဖြင့် မြိုနယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံ၍ မြေငှားဂရန်များ ထုတ်ပေးနိုင်ရေးအတွက် ဂရန်ပိုင်ရှင်အမည်မှန်များ အတည်ပြုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် အချက်အလက်များ အသင့်ဆောင်ရွက်ထားရှိရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း