ညောင်တုန်းမြို့နယ်၌ လမ်းဘေး ဝဲ/ယာ ကျွန်းတစ်အုပ်တစ်မ စိုက်ပျိုးပွဲ ကျင်းပ

ညောင်တုန်း  ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင် ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ လမ်းဘေး ဝဲ/ယာ ကျွန်းတစ်အုပ်တစ်မ စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ညောင်တုန်းမြို့နယ်အတွင်းရှိ ညောင်ဝိုင်းကြီးကျေးရွာနှင့် ရန်ကုန်-ပုသိမ်ကားလမ်းမ တစ်လျောက်၌ စုပေါင်းစိုက်ပျိုးသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ ရေးကော်မတီဥက္ကဋ္ဌ ဦး‌ကျော်သက်ခိုင်မှ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးမျိုးကျော်နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်မာလွင် ထံသို့ ပျိုးပင်များပေးအပ်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးမျိုးကျော်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟနှင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိုးအောင်နှင့် လူမှုရေးအသင်း အဖွဲ့များထံသို့ ပျိုးပင်များပြန်လည်ပေးအပ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း အင်အား (၁၂၀)ဦးခန့်တို့က ကျွန်း (၁၂၀)ပင် တစ်အုပ်တစ်မစိုက်ပျိုးခြင်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ များက ရန်ကုန်-ပုသိမ်ကားလမ်း‌ဘေးဝဲ/ယာ တစ်လျောက် လူထုဖြန့်ပျိုးပင် မဟော်ဂနီ(၁၂၅၀)ပင်၊ မန်ဂျန်းရှား (၅၀၀)ပင် တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်၊၊

မြို့နယ်(ပြန်ဆက်)