ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ မြဝတီမြို့တွင် ကျင်းပ
Aug 07,2025
ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ရာ မြဝတီမြို့နယ် ပြန်လည်ထူထောင်ရေး ဂေဟာ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊အ ခြေခံပညာမူလတန်း(လွန်) ကျောက်လုံး ကြီးကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။